နေမာမရှိရင် PSG ဟာ ဘာဖလားမှရမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ နေမာရဲ့အမ

PSG အသင်းက ထွက်ဖို့ ပြင်ဆင်နေတဲ့ နေမာအပေါ် မုန်းတီးနေတဲ့ PSG ပရိသတ်တွေကို နေမာရဲ့ အမဖြစ်သူက လူမှုကွန်ယက်ပေါ်မှာ ပေါက်ကွဲခဲ့ပါတယ်။ နေမာဟာ PSG အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ထားပြီး PSG ဘက်ကလည်း နေမာကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်နေပါပြီ။ ဒါပေမယ့် နေမာကို ရောင်းထုတ်ဖို့
ဘယ်အသင်းနဲ့မှ သဘောတူညီချက် တစ်စုံတစ်ရာ မရသေးဘူးလို့လည်း သိရပါတယ်။

နေမာကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ထိပ်ဆုံးက နာမည်ထွက်နေတာကတော့ အသင်းဟောင်း ဘာစီလိုနာ ဖြစ်ပါတယ်။ နေမာဟာ ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာကို စွန့်ခွာကာ PSG အသင်းထံ ပြောင်းရွှေ့ခဲ့သူလည်း ဖြစ်ပါတယ်။ ယခုအချိန်မှာတော့
နေမာဟာ PSG အသင်းနဲ့ အဆင်မပြေတော့ပဲ ဘာစီလိုနာအသင်းဆီ ပြန်ချင်နေပြီ ဖြစ်ပါတယ်။ ဒါကို PSG ပရိသတ်အချို့က ဒေါသထွက်နေကြပါတယ်။

PSG အသင်းနဲ့ Nimes အသင်းတို့ ကစားတဲ့ပွဲစဉ်မှာ နေမာကို တူချယ်က ချန်လှပ်ထားခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ပရိတ်သတ်အချို့က “F* off” ဆိုတဲ့စာတန်းတွေ ကိုင်ဆောင်ထားခဲ့ကြပြီး အချို့က “Son of a b” ဆိုတဲ့စာသားကို ကြွေးကြော်နေခဲ့ကြပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး နေမာရဲ့ အမဖြစ်သူက “တော်တော်လေးကို ရွံစရာကောင်းပြီး လေးစားမှုမရှိကြတဲ့လူတွေပဲ။ နင်တို့အသင်းမှာ နေမာဆက်ရှိပါစေလို့ ဆုတောင်းကြပါ။ သူမရှိပဲ နင်တို့ ဘာဖလားမှ ရမှာ မဟုတ်ဘူး။ Fckers တွေ..” ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အဆိုပါပို့စ်ကို ပြန်ဖျက်သွားတယ်လို့ သိရပါတယ်။

You might like

About the Author: adminscorpio

Leave a Reply

Your email address will not be published. Required fields are marked *